အသက်တွေကြီးလာလေ ပိုလှချင်လေ ငယ်တုန်းကတော့ ကိုယ်တေ ဘာမှမလိမ်းလဲလှပြီးသားလေ ဟဲဟဲ အသက်လေးရလာတော့ လိမ်းမှပိုလှမှာ လိမ်းမယ်လို့ စဉ်းစားလိုက်ရင် အသားအရေ မပျက်ဆီးမဲ့ ပစ္စည်းဖြစ်ဖို့ အရေးကြီးလာတယ် ကိုယ်က အပျင်းလဲကြီးတော့ ကိုယ်ဖြန့်တဲ့ ဆွေ သနပ်ခါးအရည်ကို လိမ်းတော့ အလုပ်မရှုပ်ပဲ အသားအရေလှပြီး ပိုလှလာတယ်လို့ခံစားရတယ် အပြင်သွားရင် ချွေးပြန်ပြီးအဆီပြန်တတ်တဲ့ ကိုယ့်အသားအရေကြောင့် သနပ်ခါးလိမ်း မယ်ဆိုပြန်တော့လဲ သနပ်ခါးအရေဗူးကတဖက် မှန်ကတစ်ဖက် style ကသိပ်မမိုက်ဖူးလေ အဲဒါကြောင့် မိတ်ဆွေတစ်ယောက်ထုတ်တဲ့ သက်ဦးစံရှင်မတောင်သနပ်ခါးအစစ်မှုန့်ကို စမ်းသုံးကြည့်လိုက်တာ အားလုံးကိုယ့်အကြိုက်ကြီးပဲ ရှင်မတောင်သနပ်ခါးစစ်စစ်ကို အမှုန့်လေး လုပ်ပြီး ဒီလိုချစ်စရာဗူးလေးနဲ့ထည့်လိုက်တော့ ဘယ်သွားသွား သယ်သွားလို့ရပြီး မှန်လေးလဲပါတော့ အချိန်ပြည့် လှနေလို့ရပြီလေ🤗 100%သနပ်ခါးအစစ်မှုန့်မို့ ကလေးသေးသေးလေး တွေလဲလိမ်းလို့ရပါတယ် အမှုန့်လေးကိုရေလေးထည့်ပြီး လိမ်းလို့လဲရပါတယ်ရှင့် သနပ်ခါးအစစ်ကလွဲလို့ ဘာပစ္စည်းမှမပါတော့ မတည့်မှာလဲစိုးရိမ်စရာမလိုတော့ဖူး ကိုယ်သိပ်ကြိုက်တဲ့ …

အောင်မဲညို

အောင်မဲညို အစွမ်းကတော့ ပြောစရာမလိုအောင် ကောင်းပြီးသားဆိုတာ သိပြီးသား လူတွေရှိသလို/ မသိသေးတဲ့ လူတွေအတွက်လဲ ပြောပြပေးမယ်နော်။ မြန်မာနိုင်ငံမှာ ပေါပေါများများတွေ့ရတဲ့ (Butterfly Pea Flower) မြန်မာလို “အောင်မဲညို”လို့ခေါ်ကြတဲ့ ဒီအပြာရောင်ပန်းလေးတွေဟာဆိုရင် သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကြောင့် အခုနောက်ပိုင်းမှာ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေမှာတော့ အောင်မဲညိုပန်းကို အစားအစာတွေမှာ အရောင်ထည့်သွင်း ပြုလုပ်တဲ့အခါမျိုးမှာ Food Colour အဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ မလေးရှားနိုင်ငံမှာတော့ ထမင်းထဲထည့်သွင်း ချက်ပြုတ်ကြပြီး ထိုင်းနိုင်ငံမှာတော့ ဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးလေ့ရှိကြပါတယ်။ နိုင်ငံတကာမှာတော့ အိပ်ရာမဝင်ခင် Bed Time Tea အဖြစ် အောင်မဲညိုလက်ဖက်ရည်ကြမ်းကို သောက်သုံးလေ့ ရှိကြပြီး ဒီလိုသောက်သုံးပေးရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း အများအပြားပဲ ဖြစ်ပါတယ်။ (၁) အောင်မဲညို …

ပယင်း (Amber)

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇ပယင်း သည် လူသား တို့၏ အဆင်တန်ဆာ အဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင်ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီး များကို ဥရောပမြောက်ပိုင်းတွင် ဘီစီ (၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။ပယင်း သည် စင်စစ် အားဖြင့် ကျောက်မျက်တွင်းထွက် မဟုတ်ပါ။အဆီထွက်သော အပင် တစ်မျိုး (ထင်းရူးပင် တစ်မျိုး ဟုဆို) ၏ အဆီ မှ ခဲ၍ ကျောက်သား သဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန် ရံခါ ပယင်း ထဲ၌ အင်းဆက် ပိုးမွှားများ ကို ပုံစံ မပျက် တွေ့ရှိရတတ်ပါသည်။ သစ်ပင်၏ အစေးမှ …

Design a site like this with WordPress.com
Get started